ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေရင်အေးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်းကြည့်ရှုစစ်‌ဆေး

ကျောက်တလုံးကြီး       ဩဂုတ်    ၁၉

မျိုးကောင်းမျိုးသန့် သီးနှံမျိုးစေ့များ ရရှိအသုံးပြုနိုင်စေရန်နှင့် အရည်အသွေး ပြည့်ဝသော စပါးမျိုးစေ့များ အောင်မြင်စွာထုတ်လုပ်နိုင်ရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး ခရိုင်၊ ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီအချိန်က ကက္ကူ ကျေးရွာအုပ်စုရှိ တောင်သူ ဦးခွန်မြင့်အောင်၏  ရွှေရင်အေးစပါး မျိုးစေ့ထုတ်စိုက်ခင်းအား ကွင်းဆင်း ကြည့်ရှု စစ်‌ဆေးခဲ့ကြောင်း သိရသည်။

ကျောက်တလုံးကြီးမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် စိုက်ပျိုးထား သည့် မျိုးပြားလက္ခဏာနှင့် မတူညီသော မျိုးပင်ကွဲများ၊ မျိုးသန့်စင်မှုကို ထိခိုက် နိုင်သည့် ပေါင်းပင်များ၊ ပိုးမွှားရောဂါကျရောက်နေသည့် အပင်များ နုတ်ပယ်ခြင်းကို ဝန်ထမ်းများမှ တောင်သူများနှင့်အတူ နည်းလမ်းပေးဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

ခွန်အာကာ(ကျောက်တလုံး)