ကျောက်ဆည် နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် Sinopharm 5 Dose ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များထိုးရန် ကျန်ရှိသူများအား ယနေ့ နံနက်(၉)နာရီခွဲက ဆေးထိုးစုရပ်များဖြစ်သည့် စုကြီးရပ်ကွက်၊ မြို့တော် ခန်းမနှင့် ဖျောက်ဆိပ်ပင်၊ သံရွာ၊ မင်းစု၊ စမာ၊ ဒွေးလှ တိုက်နယ်ဆေးရုံများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအဖွဲ့ဝင်များ ပူးပေါင်းကာပြည်သူများ စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် အတွင်း နေရာ(၆)နေရာခွဲပြီး စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ်အဖြစ် သံဃာတော်နှင့် သီလရှင်(၁၃၈)ပါး၊ အစိုးရကျန်းမာရေး ဝန်ထမ်း(၆)ဦး၊ ပုဂ္ဂလိကကျန်းမားရေးဝန်ထမ်း(၁၅)ဦး၊ လူမှုရေးအဖွဲ့ဝင်(၁၄)ဦး၊ နိုင်ငံ့ဝန်ထမ်း(၄၃၉)ဦး၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံဝန်ထမ်း(၂၉၀)ဦး၊ ပို့ဆောင်ရေးလုပ်ကိုင်နေသူ(၂၆၂)ဦး၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ကိုင်သူ (၁၄)ဦး၊ ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်နေသူ(၆၃)ဦး၊ အချုပ်သား(၁)ဦး၊ ပုဂ္ဂလိကပညာရေးဝန်ထမ်း (၁၁)ဦး၊ ပို့ကုန်/သွင်းကုန်နှင့် ကုန်ပစ္စည်းသိုလှောင်ရေးလုပ်ကိုင်သူ(၃၁)ဦး၊ အခြားဝင်ငွေရရှိသော လုပ်ငန်းလုပ်ကိုင်သည့် ပြည်သူ(၁၂၂၆၆)ဦး၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ရောင်ချခြင်း လုပ်ငန်းလုပ်ကိုင်နေသူ(၅၈)ဦး၊ မှီခိုပြည်သူ (၆၀၃၃)ဦးနှင့် မသန်းစွမ်းသူ(၂၈)ဦး စုစုပေါင်း (၁၉၆၆၉)ဦး ထိုးနှံပေးပြီးကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)