မိတ္ထီလာတွင် ဆပ်ပြာအဆီနှင့် မျက်နှာသစ်ဆပ်ပြာအခဲ ပြုလုပ်နည်းသင်တန်း (အခမဲ့) ဖွင့်လှစ်သင်ကြား

မိတ္ထီလာ  နိုဝင်ဘာ

မိတ္ထီလာတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာအဆီနှင့် မျက်နှာသစ် ဆပ်ပြာ အခဲပြုလုပ်နည်း(အခမဲ့)သင်တန်းကို ယနေ့နံနက် နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ကြောင်းသိရဿည်။

အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလှမ်းများရရှိစေပြီး မိသားစုစီးပွားရေး လုပ်ငန်းအဖြစ် တပိုင်တနိုင်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ၊ ပညာရှင်များနှင့် ပူးပေါင်းပြီး အလားတူ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများကို လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ဆက်လက်ပြီး   အခမဲ့ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပါကြောင်း သင်တန်းများကို လာရောက်တက်ရောက်နိုင်ပါကြောင်း အဆိုပါသင်တန်းဖွင့်ပွဲ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းဇော်က ရှင်းလင်းပြောကြားသည်။ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလှမ်းများ ရရှိစေရန် မိမိတတ်ကျွမ်း သော ပညာရပ်များကို မျှဝေပို့ချပေးခြင်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး ပြန်/ဆက်ဦးစီးဌာနနှင့်ပူးပေါင်း၍ အလားတူ အသက်အမွေး ကြောင်းပညာရပ်များကို မျှဝေပို့ချပေးသွားမှာဖြစ်ကြောင်း သင်တန်းနည်းပြဆရာ ဦးမျိုးအောင်က ပြောကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသူ (၁၄)ဦး တက်ရောက်ပြီး သင်တန်းအား နံနက် ၁ဝ နာရီအချိန်မှ ညနေ၅နာရီအချိန်ထိဖွင့်လှစ်၍ သင်တန်းတွင် ဆပ်ပြာအဆီ ပြုလုပ်နည်းနှင့် မျက်နှာသစ်ဆပ်ပြာ အခဲပြုလုပ်နည်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးကြောင်းသိရသည်။

ချမ်းသာ