နောင်တရား နိုဝင်ဘာလ ၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာ အုပ်စုတီကျစ် အထကကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လာရောက်ထိုးနှံသူ (၄၃၅)ဦးရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတော်မှ ကာကွယ်ဆေး လုပ်ငန်းများကို ဦးစားပေးအစီအလိုက် အောက်တိုဘာလ ၅ ရက်နေ့များတွင် ပထမ အကြိမ် ကာကွယ်ဆေးထိုးနှံထားသည့် ပြည်သူများကို နိုဝင်ဘာလ ၃ ရက်နေ့တွင် တီကျစ် အထကကျောင်း၌ ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံပေး လျက်ရှိသည်။ တီကျစ်ကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာအုပ်စု၊ လွယ်မောကျေးရွာအုပ်စု၊ ဘုရားဖြူ ကျေးရွာအုပ်စု၊ လုံးပိုးကျေးရွာ အုပ်စု၊ ပင်ခင်ကျေးရွာအုပ်စု၊ ဘန့်ပြင်ကျေးရွာအုပ်စုနှင့် မွှေးပြင်ကျေးရွာအုပ်အတွင်းမှ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများကို ဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လျက်ထိုးနှံပေးနေပြီး ကာကွယ်ဆေး လာရောက် ထိုးနှံသူ(၄၃၅)ဦး ရှိကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)