တောင်ကြီးမြို့၊မဟာဘုံကထိန်ပွဲတော်နှင့်ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး     နိုဝင်ဘာ   ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင်မဟာဘုံကထိန်ပွဲတော်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ယမန်နေ့ညနေ (၃)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရုံးအစည်းအဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ ကျော်ထွန်းက မိမိတို့ဗုဒ္ဓဘာသာအရ တန်ဆောင်တိုင်လပြည့်နေ့ နောက်ဆုံးထား၍ ဘုံကထိန်များ ဆက်ကပ်ရမည် ဖြစ်ကြောင်း၊ ဝါဆိုလပြည့်နေ့ကလည်း တောင်ကြီးမြို့ပေါ်ရှိ ရဟန်းသဃံာတော် အပါး(၁)ထောင်ကို အားလုံးစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ် ပြီးခဲ့ပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဘာသာ၊ သာသနာချီးမြှင့်ရန် အတွက်ဝါတွင်းသုံးလကို ဆွမ်းဟင်းမပြတ် ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) အားလုံးကို မိမိတို့တတ်နိုင်သလောက် ဆက်ကပ်ခဲ့ပါကြောင်း ကထိန်ကိုလည်း သာသနာရေးရုံးကို စာရင်းကောက်ရန် တာဝန်ပေးထားပါကြောင်း၊ တောင်ကြီးမြို့နယ်တွင်  ကထိန်ရကျောင်း (၃၆)ကျောင်း နှင့်ကထိန်မရကျောင်း(၃၂၈) ကျောင်းစာရင်း ရရှိထားပါကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာများကလည်း စုပေါင်း၍ ဆရာဒါကာကျောင်းများကို မည်သည့်ကျောင်းကိုယူထားမှုကို သိလိုပါကြောင်း၊ ဌာနဆိုင်ရာအနေဖြင့် ဆရာဒါကာကျောင်းများ ရပြီးကျောင်းနှင့် မရသေးကျောင်းများသိလိုပါကြောင်း၊ သာသနာရေးရုံးမှ စာရင်းကိုသေချာပြုစုပေးရန် လိုပါကြောင်း၊ ရက်နှစ်ပတ်သာ ကျန်ရှိတော့သည့်အတွက် အဓိကကျသည့် ဆရာတော်၊သံဃာတော်ကျောင်းများကို မည်ကဲ့သို့ ခင်းကျင်းမည်ကို အစည်းအဝေးတက်ရောက်လာသည့် ပြည်နယ်အစိုးရအဖွဲ့နှင့်ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ဝန်ကြီးများ၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့်ဌာနဆိုင်ရာများက မဟာဘုံကထိန်ပွဲတော်နှင့် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေးအတွက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အစည်းဝေးဆွေးနွေးမှုအပေါ် လိုအပ်သည့်များ ဖြည့်စွက်ပြောကြားကာ နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

 အင်းသားလေး(တောင်ကြီး)