သံဖြူဇရပ် နိုဝင်ဘာ ၂
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါကြောင့် အခြေခံပညာ ကျောင်းများကို ခေတ္တယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် နိုဝင်ဘာလ ၁ ရက်နေ့မှစ၍ ဖွင့်လှစ်ခဲ့ပြီး သံဖြူဇရပ်မြို့နယ်၌ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည်။
အဆိုပါကျောင်းများရှိ သက်ဆိုင်ရာ ဆရာ/ဆရာမများက ကျောင်းတက်ရန်ရောက်ရှိလာသည့် ကျောင်းသား၊ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေစေခြင်းဖြင့် သင်ခန်းစာများ ပို့ချပေးလျက်ရှိသည်။
သံဖြူဇရပ်မြို့တွင်အထကကျောင်း ၁၀ ကျောင်း၊ အထက(ခွဲ) ကျောင်း ၄ ကျောင်း ၊ အလက ကျောင်း ၆ကျောင်း၊ အလက(ခွဲ)ကျောင်း ၁၁ ကျောင်း၊ မူလတန်းကျောင်း ၇၂ ကျောင်း၊ မူလွန်ကျောင်း ၂၅ကျောင်း၊ မူလတန်း(ခွဲ)ကျောင်း ၂ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း ၂ ကျောင်း စုစုပေါင်း ၁၃၃ ကျောင်းရှိပြီး ကျောင်းအပ်နှံထားသော ကျောင်းသား၊ ကျောင်းသူ ပေါင်း ၂၁၈၇၆ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အေးအေးမွန်