ညောင်ဦး ဩဂုတ် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဖြစ်ရပ်စီမံခန့်ခွဲမှု ညွှန်းပို့ချိတ်ဆက်ခြင်းကွန်ရက် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းမှ အဖွင့်အမှာစကား ပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်တင်တင်စိန်မှမှ လူမှုဝန်ထမ်းဦးစီးဌာန၏ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ရတနာ့မေတ္တာအဖွဲ့မှ လက်ထောက်စီမံချက်မန်နေဂျာ ဦးရဲနီလင်းက ညွှန်ပို့ချိတ်ဆက်ခြင်းကွန်ရက်အကြောင်းရှင်းလင်းပြီး ကွန်ရက်အတွက် ဘုံရည်မှန်းချက်နှင့်ဝန်ဆောင်မှုများကို ဆွေးနွေးတင်ပြသည်။ ထို့နောက်တက်ရောက်လာကြသည့် အစိုးရဌာနမှတာဝန်ရှိသူများ၊ NGO, INGO များနှင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များက ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။
အခမ်းအနားသို့ ညောင်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်း၊ ညောင်ဦးခရိုင် လူမှုဝန်ထမ်း ဦးစီးမှူး ဒေါ်တင်တင်စိန်နှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ NGO, INGOများနှင့် အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖေလိန်း(ပုဂံ)