လမ်းမတော်မြို့နယ် UMFCCI တွင် UMFCCI Webinar Series Episode (11) အတွက် ကြိုတင်မေးခွန်းများပေးပို့နိုင်

လမ်းမတော် ဩဂုတ် ၁၉

လမ်းမတော်မြို့နယ်  UMFCCI  တွင် UMFCCI မှ ရိုက်ကူးတင်ဆက်ထုတ်လွှင့်သွားမည့် UMFCCI Webinar Series: New Beginnings through Renewed Partnerships ကိုသက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များရဲ့ အကြံဉာဏ်၊ အတွေး အမြင်၊ အယူအဆများကို တင်ဆက်သွားမှာဖြစ်ပြီး ယခု Episode 11 တွင် ဆွေးနွေးရန် ပါဝင်လာတဲ့ ပုဂ္ဂိုလ်များကတော့ မြန်မာနိုင်ငံ အခြေစိုက် အမေရိကန်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊ မြန်မာနိုင်ငံ အခြေစိုက် ဗြိတိန်ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Mr. Peter Beynon ၊ မြန်မာနိုင်ငံအခြေစိုက် ပြင်သစ်ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ Ms. Sarah Lubeigt တို့ပဲဖြစ်ပါသည်။

ဒီအစီအစဉ်တွင် Moderator အဖြစ် ကုန်သည်စက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးမိုးကျော်မှ  ပါဝင်ဆောင်ရွက် သွားမည် ဖြစ်သည်။ ယခုဆွေးနွေးပွဲတွင် ကိုဗစ်နှင့် ကိုဗစ်အလွန်ကာလတွင် “အနောက်တိုင်းဒေသမှ အမြင်များ အဖွဲ့ဝင်တွေ ဘယ်လို ဖြေရှင်း ကြမလဲ”၊ “ကူးစက်ရောဂါကြောင့် စီးပွားရေးသက်ရောက် လျော့နည်းစေရန် ဘယ်လို နည်းလမ်းတွေနဲ့ ဆောင်ရွက်မလဲ”၊ “နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုအခြေအနေနှင့် ကိုဗစ်-၁၉ ကိုင်တွယ် ဖြေရှင်းခြင်းအပေါ် ယုံကြည်မှု” စသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမှာဖြစ်ပြီး ပါဝင်ဆွေးနွေးပေးမည့် ပုဂ္ဂိုလ်အား မေးမြန်းလိုတဲ့ အချက်အလက်များ၊ မိမိတို့ရဲ့ အတွေးအမြင်၊ အယူအဆများ၊ အကြံပြု လိုသည် များနှင့် မေးမြန်းလိုသည်များရှိပါက pr@umfcci.com.mm (Public Relations Department) သို့ ဩဂုတ်လ ၂၀ ရက် (ကြာသပတေး နေ့ ညနေ-၄:၀၀ နာရီ) အထိ မေးခွန်းများ ပေးပို့နိုင်ပြီး ဖော်ပြထားသည့် ထုတ်လွှင့်ရက်နှင့် အချိန်တို့တွင် စောင့်မျှော်ကြည့်ရှု နိုင်ကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်