ဒဂုံမြို့နယ်အတွင်း အသက်(၉)နှစ်မှ (၁၀)ကြား မိန်းကလေး သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံနိုင်ရေး စာရင်းကောက်ယူခြင်းဆောင်ရွက်

ဒဂုံ ဩဂုတ် ၁၉

ရန်ကုန်တိုင်းဒေသကြီ၊ ဒဂုံမြို့နယ်အတွင်းရှိ ရပ်ကွက်အလိုက် အသက်(၉)နှစ်မှ (၁၀)ကြား မိန်းကလေး ငယ်များအား သားအိမ်ခေါင်း ကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကလေးငယ် များအတွက် ပုံမှန်ကာကွယ် ဆေး ထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး Human  Papilloma Virus(HPV) ဆေးထိုးနှံနိုင်ရေး  စာရင်း ကောက်ယူခြင်းကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဝန်ထမ်းများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၉)နှစ်မှ(၁၀)နှစ်ပြည့်ပြီးသူ အမျိုးသမီးများအား ထိုးနှံပေးမည်ဖြစ်ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံခြင်းတွင် မိမိတို့၏သမီးငယ်များ ကျန်ရှိမှုမရှိစေရေးအတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)