လှိုင်သာယာ(အနောက်ပိုင်း) နိုဝင်ဘာ ၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကျဆင်းလာသည့်အတွက် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ကျောင်းများအား ယနေ့ နံနက်ပိုင်းမှ စတင်၍ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ကျောင်းများ ပြန်လည်ဖွင့်လှစ်ကာ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၌ အ.ထ.က(၁၉)ကျောင်းတွင် ကျောင်းသား/သူ(၇၅၇)ဦးနှင့် ဆရာ/ဆရာမ(၃၄)ဦးတို့အား အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေသည့် ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စနစ်တကျ လက်ဆေးခြင်း၊ ကိုယ်ပူချိန်များ တိုင်းတာပေးခြင်းများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စာသင်ခန်းအတွင်း၌ တစ်ဦးနှင့် တစ်ဦး ၆ ပေခြားစီဖြင့် သတ်မှတ်နေရာအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များနှင့် အညီ ပညာသင်ကြားပေးလျက်ရှိပြီး Mask နှင့် Face Shield များကို တပ်ဆင် စေပြီးမှသာ စာသင်ခန်းအတွင်းသို့ ဝင်စေခဲ့ကြောင်း သိရသည်။
ဝေဝေ (ပြန်/ဆက်)