ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် အလှူရှင်များက အလှူငွေများ ထောက်ပံ့လှူဒါန်း

ကျိုင်းတုံ        အောက်တိုဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင်ပြည်သူများက အလှူငွေများ ထောက်ပံ့လှူဒါန်းခြင်းကို အောက်တိုဘာ ၂၉ က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ထောက်ပံ့လှူဒါန်းရာတွင် ရွှေလွယ်မွေကုမ္ပဏီမှ ဦးအီပနှင့် ဦးအဗြာတို့က ကျိုင်းတုံခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအတွက် ငွေကျပ် ၁၀ သိန်းနှင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီအတွက် ငွေကျပ် ၁၀ သိန်း ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ အောက်တိုဘာ ၂၉ ရက်ထိ အတည်ပြုလူနာ ၅၀၆၃ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၄၇၇၇ ဦး၊ လက်ရှိကုသဆဲ လူနာ ၁၉၆ ဦး၊ သေဆုံး ၉၀ ဦး ရှိကြောင်းသိရပြီး တာဝန်ရှိသူများက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)