မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၂)ဦး  ဆေးရုံဆင်းခွင့်ရရှိ

မိုင်းခတ်  အောက်တိုဘာ  ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၂)ဦးသည် ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သောကြောင့် ယနေ့ နံနက်ပိုင်းတွင်  ဆေးရုံဆင်းခွင့် ရရှိကြောင်း  သိရှိရသည်။

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသူသည်အောက်တိုဘာ ၁၉ ရက်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာအဖြစ် ကျန်းမာရေးဌာနမှ စစ်ဆေးတွေ့ရှိခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်၌ ၁၀ ရက်အကြာ ဆေးကုသမှုခံယူစေခဲ့ကာ ကျန်းမာရေးစစ်ဆေးချက်အရ ရောဂါ ကင်းစင်သွားပြီဖြစ်သောကြောင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ဆေးရုံ ဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးရုံဆင်းပြီးနောက် ဆက်လက်၍ မိမိ၏နေအိမ်၌  ခုနှစ်ရက် Home Quarantine နေထိုင်သွားရန်၊ လူစုလူဝေးဖြင့် နေထိုင်ခြင်း မပြုရန်၊ ကျန်းမာရေးနှင့် ပတ်သက်သော  ဆောင်ရန်ရှောင်ရန်များကို  သတိပေးမှာကြားခဲ့ကြောင်း  သိရှိရသည်။

မိုင်းခတ်မြို့နယ်တွင် ယနေ့အောက်တိုဘာလ ၂၉ ရက် နံနက်ပိုင်းအထိ ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၃၃)ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ(၂၆)ဦး၊ မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ(၇)ဦး ကျန်ရှိပြီး ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး ကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်