မိုင်းခတ် အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီး(၃)ဦးနှင့် အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီး(၁)ဦးအား ယမန်နေ့ ညနေပိုင်းက RDT test kit ဖြင့် စစ်ဆေးရာကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
၎င်းလူနာများအနက် အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သူအမျိုးသမီးသည် တာချီလိတ်မြို့သို့ Volunteer အဖြစ်တာဝန်ထမ်းဆောင်ရန် သြဂုတ်၂၃ရက်ကသွားရောက်ခဲ့ပြီး အောက်တိုဘာ၂၆ရက်၌ မိုင်းခတ်မြို့သို့ပြန်ရောက်ရှိချိန်တွင် Home Quarantine ထားရှိ၍ ပထမအကြိမ် RTD Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။ အလားတူ အမှတ်(၁)ရပ်ကွက် နေထိုင်သူအမျိုးသမီးသည်နေမကောင်းဖြစ်ပြီး အနံ့မရသောကြောင့် ဆေးရုံသို့ RTD Test Kit ဖြင့် လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး ၎င်းနှင့်အတူနေမိသားစုဝင်များနှင့်ထိတွေ့ဆက်စပ်သူ(၁၄)ဦးအား စစ်ဆေးရာ အမျိုးသမီးတစ်ဦးနှင့် ၅နှစ်အရွယ်သမီးငယ်တစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါလူနာများအား မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံသီးသန့်လူနာဆောင်တွင် ဆေးကုသ ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံဆရာဝန်ထံမှ သိရသည်။