တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောက်ရွက်လျက်ရှိ

တာချီလိတ် အောက်တိုဘာ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ မြို့သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဗိုလ်ချုပ်လမ်းကြီး တစ်လျှောက် ဝဲ/ယာမှ လျှပ်စစ်ဓာတ်ကြိုးနှင့်မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြံနွယ်မြက်ပေါင်း ရှင်းလင်းခြင်း၊ ပလက်ဖောင်းကတ်တုံးများ ဆေးသုတ်ခြင်း၊ ပန်းပင်များပုံသွင်းခြင်း၊ လမ်းနယ်နိမိတ်နှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ရေနုတ် မြောင်းများ ဆယ်ယူခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မိုးများသည်းထန်စွာရွာသွန်းပါက ရေလျှံ ရေဝပ် ရေဝင်ခြင်းဖြစ်ပေါ်တတ်သော နေရာများရှိ ရေနုတ်မြောင်းများမှ အနည်များ၊အမှိုက်များကို ဦးစားပေးဆည်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ မြို့သန့်ရှင်းသာယာလှပရေးအတွက် နေ့စဉ် ဆောင်ရွက်သွားရန်ရှိကြောင်း စည်ပင်သာယာရေးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရှိရသည်။

ယာဆေး(ပြန်/ဆက်)