စဉ့်ကိုင် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အသက်(၁၈)နှစ်အထက်ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေးကိုပြည်သူများအား ဒုတိယ အသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ ကျန်းမာ)နှင့် ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ပရဟိတအသင်းအဖွဲ့၀င်များ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး များပူးပေါင်း၍ အသက်(၁၈)နှစ် အထက်နှင့် ပြည်သူများအား ဒုတိယအသုတ် ပထမ အကြိမ် ကာကွယ်ဆေးဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ကူးစက်ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊ ကြိုတင်ကာကွယ်တားဆီးနိုင်စေရန်နှင့် ရောဂါကူးစက်မှုလျော့နည်းစေရေး အတွက် သက်ဆိုင်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ပရဟိတ အဖွဲ့၀င်များနှင့် ပူးပေါင်းပြီး ပြည်သူများလိုက်နာစေရန်၊ အသံချဲ့ စက်များ၊ Hand Spaker ဖြင့် လှည့်လည်ပြီး အသိပညာပေးနှိုးဆော်ခြင်း၊ ရပ်ကွက်/ ကျေးရွာများအတွင်း ပိုးသတ်ဆေးများဖြန်းပေးခြင်း၊ ဒေသန္တာရစည်းကမ်းချက်များ၊ ကျန်းမာရေး၀န်ကြီး ဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များ အတိုင်း လိုက်နာမှု ရှိ/မရှိစစ်ဆေးခြင်း အသိပညာ ပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး အသက်(၁၂)နှစ်အထက်၊ အထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူများကိုလည်း ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်နေရာ(၃)နေရာခွဲ၍ စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)