မန္တလေး အောက်တိုဘာ ၂၉
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ၂၈ရက် မွန်းလွဲ၁နာရီကလည်း အမရဌာနီ အရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံနှင့် ညောင်ကွဲရပ်ကွက်ရှိ ရှင်အရဟံသိမ်ဘုရားတို့၌ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ဆောင်ရွက်ပေးကြသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အမရဌာနီ အရှေ့ရပ်ကွက်အတွင်းရှိ အသက်(၁၆)နှစ်နှင့်(၁၈) နှစ်ကြား ကျား(၅)ဦး၊ မ(၅)ဦးနှင့် အသက်(၁၈)နှစ်အထက် ကျား(၁၀)ဦး၊ မ(၁၁)ဦး၊ စုစုပေါင်း(၃၁)ဦး၊ ညောင်ကွဲရပ်ကွက်အတွင်းရှိ အသက်(၁၆)နှစ်နှင့်(၁၈)နှစ်ကြား ကျား(၁)ဦး၊ မ(၁)ဦးနှင့် အသက်(၁၈)နှစ်အထက် ကျား(၁၂)ဦး၊ မ(၆)ဦး၊ စုစုပေါင်း(၂၀)ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးကြပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးနေသော ပန်းခင်း စီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ ပေးကြသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးရာသို့ အမရဌာနီအရှေ့ရပ်ကွက်နှင့် ညောင်ကွဲရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများနှင့်ရာအိမ်မှူးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)