ကျောက်ဆည် အောက်တိုဘာ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ် ချက်နှင့် ကိုက်ညီ သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်နှင့် လူဦးရေစာရင်းများကို အောက်တိုဘာလတွင် ကျေးရွာ(၅)ရွာသို့ အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီး အရာရှိ ဦးအောင်ထားရွှေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပန်းခွာကျေးရွာတွင် အသက် (၁၀) နှစ်အထက် အမျိုးသား (၇)ဦး၊ အမျိုးသမီး (၄)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား (၁၀)ဦး၊ အမျိုး သမီး (၁၃)ဦး စုစုပေါင်း (၃၄)ဦး၊ ရဲကျေးရွာတွင် အသက်(၁၆)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး (၈) ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၃)ဦး၊ အမျိုးသမီး(၇)ဦး စုစုပေါင်း(၂၃)ဦးနှင့် အမျိုးသမီး(၅၄)ဦးနှင့်အမျိုးသား(၄၉)ဦးပါဝင်သည့် အိမ်ထောင်စု လူဦးရေစာရင်း (၁၀၃)စု၊ လက်ပန်ပင်ကျေးရွာတွင် အသက်(၁၀)နှစ်အထက် အမျိုးသား (၂)ဦး၊ အမျိုးသမီး (၃)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၉)ဦး၊ အမျိုးသမီး (၄)ဦး စုစုပေါင်း(၁၈)ဦး၊ ပဲခင်းကျေးရွာတွင် အသက်(၁၀)နှစ်အထက် အမျိုးသား (၉)ဦး၊ အမျိုးသမီး(၅)ဦး၊ အသက်(၁၈)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၆)ဦး စုစုပေါင်း(၂၅)ဦး၊ ကျားကာကျေးရွာတွင် အသက်(၁၀)နှစ်အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး (၃)ဦး၊ အသက်(၁၈)နှစ်အထက် အသက်(၁၈)နှစ် အထက် အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦး စုစုပေါင်း (၁၇)ဦးတို့အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စု (၉၇) အုပ်စုရှိရာ ပန်းခင်း စီမံချက်ဖြင့် လူဦးရေ (၁၃၅၇၁၀) ကို နိုင်ငံသား စိစစ်ရေးကတ်များ အခမဲ့ပြုလုပ်ပေး နိုင်ရေး လျာထားဆောင်ရွက်ခဲ့ရှိရာ ယခုအခါ အသက်(၁၀)နှစ်အထက် (၂၀၀)ဦး၊ အသက်(၁၈)နှစ် အထက် (၂၁၂၀)ဦး စုစုပေါင်း(၂၃၂၀)ဦးကို နိုင်ငံသားစိစစ်ရေး ကတ်များ အခမဲ့ဆောင်ရွက်ပေးနိုင်ခဲ့ပြီး အမျိုးသား(၁၀၃၈)ဦး၊ အမျိုးသမီး (၉၆၄)ဦး စုစုပေါင်း (၂၀၀၂) ဦးရှိသည့် အိမ်ထောင်စုလူဦးရေစာရင်း (၆၁၄) စုကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)