ရခိုင်ပြည်နယ် မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင်ပါဝင်သူ ၆၈၁၀ ဦးအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

မောင်တော  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ နိုင်ငံဝန်ထမ်းများနှင့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ဒုတိယအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ယမန်နေ့တွင်လည်း သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးစားပေးအုပ်စုတွင် ပါဝင်သည့် သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန် အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေးထိုးနှံနေမှုများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေး လျက်ရှိသည်။

အဆိုပါ နိုင်ငံဝန်ထမ်းများနှင့် ဦးစားအုပ်စုတွင် ပါဝင်သည့်သူများအား ဒုတိယအသုတ် (ဒုတိယ) အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ အောက်တိုဘာ(၂၈)ရက်နေ့ထိ စုစုပေါင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၆၈၁၀)ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)