မန္တလေး အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီးအတွင်း (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်အထိ စာရင်းကောက်ယူမှုအရ မသန်စွမ်းသူစုစုပေါင်း ခြောက်သောင်းကျော်ရှိပြီး လက်ရှိတွင် မသန်စွမ်းသူဦးရေ ငါးသောင်းနီးပါးထောက်ပံ့ပေးအပ်နိုင်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ စာရင်းများအရ သိရသည်။
မသန်စွမ်းအမျိုးအစား (၄) မျိုးရှိပါတယ်၊ အမြင်အာရုံချို့တဲ့သူ၊ အကြားအာရုံ ချို့တဲ့သူ၊ ဉာဏ်ရည်မသန်စွမ်းသူနှင့် ကိုယ်အင်္ဂါမသန်စွမ်းသူ ဆိုပြီး စုစုပေါင်း (၆၀၇၀၂) ဦး ရှိပါတယ်၊ မသန်စွမ်းသူများ ထောက်ပံ့ပေးမှုအနေနဲ့ကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မသန်စွမ်းသူ (၃၈၄၂၉) ဦးအား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်နိုင်ခဲ့ပြီး၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မသန်စွမ်းသူ (၁၀၈၂၆) ဦး ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း၊ စုစုပေါင်း (၄၉၂၅၅) ဦး ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း၊ ကျန်ရှိသော မသန်စွမ်းသူ (၁၁၄၄၇) ဦးအား ဆက်လက်ထောက်ပံ့ပေးအပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
သန်းဇော်မင်း