မလှိုင် အောက်တိုဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် (၆လ) ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂ဝ၂၁-၂ဝ၂၂ ဘဏ္ဍာနှစ် (၆လ) စီမံကိန်း၏ စုစုပေါင်းထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) တိုးတက်မှုနှုန်းမှာ (၂၃.၇) ရာခိုင်နှုန်းဝန်းကျင် ရရှိရန် ခန့်မှန်း ထားပါကြောင်း၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းအရေ အတွက် (၁၈) ခုရှိပြီး ရင်းနှီးမြုပ်နှံမှု တန်ဖိုးကျပ်သန်းပေါင်း (၃၂၅.၄၀၄) သန်းလျာထားပြီးဦးစီးဌာန (၅) ခု ပါဝင်ကြောင်း၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံ ငွေဖြင့် ဆောင်ရွက်မည့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းစီမံကိန်းများအနေဖြင့် မရရှိသေးကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းတာဝန် ပေးအပ်လွှာများကို မြို့နယ်စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဌေးသန်း၊ မြို့နယ်လဝက ဦးစီးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက ပေးအပ် ရာ သက်ဆိုင်ရာဌာန တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ယင်းနောက် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖေါ်ရေး ကော်မတီက္ကဋ္ဌက နိဂုံးချုပ်အနေဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများအနေဖြင့် လုပ်ငန်းစီမံ ကိန်းများကို အချိန်မီပြီးစီးအောင်၊ ဘတ်ဂျက်များလေလွင့် ပြုန်းတီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ကြီးကြပ် ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)