ရခိုင်ပြည်နယ် မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သူများအား ပထမအသုတ် (ဒုတိယ)အကြိမ်အဖြစ် (၂၀၂၅)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးပြီးဖြစ်

မောင်တော  အောက်တိုဘာ  ၂၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ပထမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး ယမန်နေ့တွင်လည်း သတ်မှတ်နေရာများတွင် ဆက်လက် ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရင်းများ မှတ်ယူခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအားက လာရောက် ထိုးနှံသည့် ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကာကွယ်ဆေး ထိုးနှံနေမှုများအား ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

အဆိုပါ ဦးတည်အုပ်စုတွင် ပါဝင်သည့်သူများအား ပထမအသုတ် (ဒုတိယ)အကြိမ်အဖြစ် ကာကွယ်ဆေးထိုးနှံသူ အောက်တိုဘာ(၂၈)ရက်နေ့ထိ ကာကွယ်ဆေး ထိုးနှံပြီးသူ စုစုပေါင်း ထိုးနှံပြီးစီးသူ (၂၀၂၅)ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)