မောက်မယ် အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်( တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ယမန်နေ့တွင် RDT ဖြင့် စစ်ဆေးသူ (၅) ဦးတွင် ရောဂါပိုးတွေ့ရှိသူမရှိကြောင်း ၊ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ရရှိသူ(၈)ဦးရှိကာ လက်ကျန်လူနာ(၃၁)ဦးကျန်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
မောက်မယ်မြို့နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့မှ အောက်တိုဘာလ ၂၈ ရက်နေ့ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသည့် အတည်ပြုလူနာများ (၁၆၄) ဦး အနက် သေဆုံးသူ (၂)ဦးရှိ၍ ကျန်းမာရေး ကောင်းမွန်ပြီး ဆေးရုံဆင်းခွင့် ရရှိသူ (၁၃၁) ဦးရှိကာ ယခုဆေးကုသမှုခံယူနေသူ မြို့နယ် နမ့်ယွမ်းခန်းမ Positive Centre တွင်(၂၇)ဦးနှင့် ဟိုနမ့်တိုက်နယ်ဆေးရုံတွင်(၄)ဦး စုစုပေါင်း (၃၁) ဦး ဆေးကုသမှု ခံယူနေကြောင်း ကျန်းမာရေးဦးစီးဌာန၏ သတင်းများ အရသိရသည်။
စိုင်းမျိုးသန့်