မိုင်းလုံမြို့အတွင်း သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးအတွက် ရပ်ကွက်များသို့စာရင်းများ ကောက်ယူ

မိုင်းလုံ   သြဂုတ်   ၁၉

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်တွင် သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထိုးနှံခြင်း ကို ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများ အသက် ၉ နှစ်ပြည့်ပြီး မှ ၁၀ နှစ်အထိ မိန်းကလေးများ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်၍ သက်ဆိုင်ရာရပ်ကွက်နှင့် ကျန်းမာရေးဆရာမများထံ စာရင်းပေးကြပါရန် အသိပေး နှိုးဆော်ထားကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း၌ မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေး ဌာနတွင် ထိုးနှံပေးမည် ဖြစ်သော ကြောင့် ၂၀၁၀ ခုနှစ် စက်တင်ဘာလမှ ၂၀၁၁ ခုနှစ် သြဂုတ်လအတွင်း မွေးဖွားသူ မိန်းကလေးများကိုသာ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သောကြောင့် အသက်ပြည့်ပြီးသူ မိန်းကလေးများ စာရင်းကျန်ရှိမှုမရှိစေရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း စာရင်းများ လိုက်လံကောက်ယူ လျက်ရှိကြောင်း သိရသည်။

ဇော်ဇော်( ပြန်/ဆက်)