ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေစေရန် ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒဂုံ(အရှေ့) သြဂုတ် ၁၉

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး လွယ်ကူ အဆင်‌ပြေချောမွေ့ စေရန် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာ ဘတ်ဂျက်ဖြင့်  အမှတ်(၃) ရပ်ကွက်  ဗိုလ်ချိန်လမ်း၌ ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့‌ကြောင်း သိရ သည်။

ထို့သို့ဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ရပ်ကွက်နေ ပြည်သူများ    သွားလာရေးလွယ် ကူအဆင်‌ပြေစေ ရန်နှင့် လမ်းပန်း ဆက်သွယ်ရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် အမှတ်(၃)ရပ်ကွက် ဗိုလ်ချိန်လမ်းအား အရှည်ပေ(၂၀၀၀)၊ အကျယ် (၁၄) ပေနှင့် ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ၂၀၁၉-၂၀၂၀ စည်ပင်သာယာဘတ်ဂျက်ဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလမ်းအရည် အသွေးကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရ သည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)