မြောက်ဦးမြို့နယ်၌ ကျေးရွာရှိ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

မြောက်ဦး  အောက်တိုဘာ ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ပညာသင်ယူနေသော ကျေးရွာအသီးသီးမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းအား ယနေ့ နံနက် ၈ နာရီအချိန်က  မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီ်းဌာန ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ သတ်မှတ်စုရပ် (၂)နေရာ၌ ကိုဗစ်ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျေးရွာများအတွင်းရှိ အခြေခံပညာ အလယ်တန်းအဆင့်နှင့်အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမနေ့အဖြစ်စတင် ထိုးနှံပေးရာတွင် သတ်မှတ်စုရပ်နေရာများဖြစ်သော စက်သားကျေးရွာ၊ ဆူးရာဇ်ချောင်း ကျေးရွာ၊ ချရာကျေးရွာနှင့် ဆင်ဖြူဒင်ကျေးရွာများရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းနှင့် အထက် တန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား Sinovac Covid-19  ကာကွယ်ဆေးများ ပထမအကြိမ်ထိုးနှံပေးရာတွင် မြောက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန် ထမ်းများမှ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံပေးရာတွင် အဆိုပါကျေးရွာများရှိ အခြေခံပညာ ကျောင်းများမှ အလယ်တန်းနှင့်အထက်တန်းကျောင်းများတွင် ပညာသင်ကြားနေကြသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် တားဆီး နိုင်ရန်အတွက် ပထမအကြိမ်စတင်ထိုးနှံပေးလျှက်ရှိသည်။ ဆက်လက်၍  မြို့နယ်ပြည် သူ့ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်း အုပ်ဆရာကြီး/ဆရာမကြီးများ၊ ဆရာ/ဆရာမများနှင့်သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ  များမှ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ် လမ်းညွှန်ချက်များနှင့်အညီ  ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေး ခြင်းများ ဆောင်ရွက်ပေးပြီးမှ ပုံမှန်အနေအထားရောက်ရှိမှသာကာကွယ်ဆေးထိုးနှံပေးလျက်ရှိပြီး ဆေးထိုး နှံပြီးသူများအား မိနစ် ၃၀ ခန့် အနားယူစေခြင်းများအား စီစဉ်ဆောင်ရွက်ပေးလျှက်ရှိပြီး ယနေ့ပထမအကြိမ်ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၄၄၉) ဦးအား သတ်မှတ်စုရပ်နေရာများ၌ ကိုဗစ်ကာ ကွယ်ဆေးများ ပထမအကြိမ်ကျေးရွာများရှိအခြေခံပညာကျောင်းများသို့သွားရောက်ပြီး ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)