ကျိုက်မရောတွင် "လူငယ်နဲ့ အထက်တန်းစား စိတ်ဓါတ်"စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ကျိုက်မရော   အောက်တိုဘာ  ၂၇

မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန   (Community    Centre) ခန်းမတွင်   လူငယ်များအတွက်      အကျိုးပြုစေမည့်    အသိပညာဗဟုသုတများ  ရရှိစေမည့် စာအုပ်၊ စာပေများနှင့်  မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊  ပန်းချီ ဆွဲပြိုင်ခြင်းစသည့်  အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ  မြို့နယ်အတွင်းရှိ စာဖတ် ဝါသနာပါသူလူငယ်များ   youth   club အဖွဲ့များနှင့် ပူးပေါင်းကာ   စာဖတ်ဝိုင်းဆွေးနွေးပွဲကို  ယနေ့ နံနက် ၁၀ နာရီက   စာရေးဆရာ  မောင်မင်းစိုးရေးသားသည့်  လူငယ်နဲ့  အထက်တန်းစား စိတ်ဓါတ် ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးမှူး က     စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏    ရည်ရွယ်ချက်ကို  ရှင်းလင်းဆွေးနွေးပြီး   youth     club အဖွဲ့မှ မောင်ကောင်းထက်စံ က လူငယ်နဲ့အထက်တန်းစား စိတ်ဓါတ်စာအုပ်ပါ လူငယ်နဲ့လိုအပ်ချက်များ  စာပိုဒ်ပါအချက်များအား ဖတ်ကြားဆွေးနွေးပြီး Youth club အဖွဲ့မှ စိုးညီညီက လူငယ်နှင့်ကျန်းမာရေး စာပိုဒ်အပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

ယခုကဲသို့ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း၌ ပြည်သူများနှင့် လူငယ်လူရွယ်များ စာဖတ်သည့် အလေ့အကျင်းကောင်းများနှင့်  အသိပညာဗဟုသုတများ ရရှိစေရန်၊  စာကြည့်တိုက်ကို အသုံးချတတ်သည့် အလေ့အထများ မပျောက်ပျက်သွားစေရန်အတွက် စာဖတ်သူစိတ်ကြိုက်စာအုပ် များရွေးချယ်ကာ မိမိတို့၏ထင်မြင်ယူဆချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချိုမြတ်မြတ်ထွေး