မိုင်းယန်းမြို့၌ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အစီအစဉ်အရ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၃၀)စုအား ‌အိမ်တိုင်ရာ‌ရောက် ဒုတိယအကြိမ်ထောက်ပံ့ငွေ‌ပေးအပ်

မိုင်းယန်း    ဩဂုတ်   ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မိုင်းယန်းမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူ တန်းစားအိမ်ထောင်စုများအတွက်  စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက်(CERP) အစီအစဉ်အရ ဒုတိယအကြိမ် ထောက်ပံ့ငွေများကို ဩဂုတ်လ ၁၇ ရက် နေ့လယ်ပိုင်းမှ စတင်၍ မြို့ပေါ် ရပ်ကွက်များသို့ တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေ‌‌များ‌ပေးအပ်ရာတွင် ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများ၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ၊ လက်လုပ်လက်စား လုပ်ကိုင်စားသောက် နေရသော အိမ်ထောင်စုများ၊ မသန်စွမ်းသူအိမ်ထောင်စုများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်နှင့် တာဝန်ရှိဝန်ထမ်းများ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်အတွင်း၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၃၀)ရှိရာ အိမ်‌ထောင် စုတစ်စုလျှင် ကျပ်(၂၀၀၀၀)တိတိနှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၂၆၀၀၀၀၀)ကို  စာရင်းဝင်အိမ်ထောင်စုများ၏ လက်ဝယ်အရောက် တာဝန်ရှိများမှ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရ သည်။

ထွန်းထွန်းထူး(ပြန်/ဆက်)