မန္တလေး အောက်တိုဘာ ၂၇
မန္တလေးတိုင်းဒေသကြီးအတွင်း နေ့စဉ်ကြက်ဥအလုံးရေ သိန်း(၃၀)ကျော်ထွက်ရှိပြီး ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရသည်။
“မန္တလေးမှာ ကြက်မွေးမြူထားတာ အကောင်ရေ သိန်း(၄၀)ကျော်ရှိတယ်၊နေ့စဉ်ကြက်ဥသိန်း(၃၀) ကျော်ထွက်တယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်ဥစားသုံးမှုလုံလောက်သော ပမာဏကို နေ့စဉ်ထုတ်လုပ်ပေးလျက်ရှိပါတယ်”ဟု မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ယခင်လတွင် ကြက်ဥတစ်ပိဿာကို ငွေကျပ်(၃၀၀၀)ဝန်းကျင်ဈေးရှိခဲ့ပေမယ့်၊ ယခုလမှာတော့ တစ်ပိဿာကို ငွေကျပ်(၃၀၀၀)ကျော်ထိဈေးဖြစ်နေတယ်၊လက်ရှိမှာတော့ ဈေးကွက်အတွင်းမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း မန္တလေးမြို့၊ပြည်ကြီးတံခွန်မြို့နယ်မှ ကြက်ဥအရောင်းအဝယ် ပြုလုပ်နေသူ တစ်ဦးက ပြောကြားသည်။
သန်းဇော်မင်း