ကျိုက်ထို ဩဂုတ် ၁၈
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများထံ Covid- 19 Economic Relief Plan ၏ Action Plan အရဩဂုတ်(၁၈)ရက် နံနက်(၉)နာရီက မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံး၌ ငါးသားပေါက်များ အခမဲ့ ထောက်ပံ့ပေးအပ် ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြတ်သူက ကိုဗစ်-၁၉ ကာလ၌ ထိခိုက်မှုရှိနေ သည့် ငါးမွေးမြူရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရန်နှင့် ငါးရိက္ခာ ဖူလုံစေပြီး စဉ်ဆက်မပြတ် ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး တာဝန်ရှိသူတို့က ကျိုက်ထိုမြို့နယ် အတွင်းရှိ ငါးမွေး တောင်သူ (၁၁)ဦး တို့၏ ငါးမွေးကန် (၂၇)ဧက အတွက် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ (၅၂၂၀၀)ကောင်အား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြတ်သူနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၀င်းမောင်(ကျိုက်ထို)