မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် အမျိုးသမီးငယ်များ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် အသိပေးနှိုးဆော်

ရေး ဩဂုတ် ၁၈

ရေးမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှု လျော့ကျနိုင်ရန်နှင့် သားအိမ်ခေါင်း ကင်ဆာ ကုသနိုင်ရန်အတွက် အမျိုးသမီး ငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင် ကာကွယ်ဆေး  HPV (Human Papilloma Virus)ထိုးနှံနိုင်ရန်အတွက် မြို့နယ်ကျန်းမာရေးဌာနမှ အသိပေး နှိုးဆော်ထားကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံနိုင်ရာတွင် အသက် (၉) နှစ်မှ (၁၀)နှစ်ပြည့်ပြီးသူ (၁-၉-၂၀၁၀) ရက်နေ့မှ (၃၁-၈-၂၀၁၁) ရက်နေ့အတွင်း (မွေးဖွားသူ) အမျိုးသမီးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး ရေးမြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် မိမိတို့ သမီးငယ်များ၏ အမည်နှင့် အသက်ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများနှင့် ကျန်းမာရေးဆရာမများထံ တွင် (၁၈-၈-၂၀၂၀ ) ရက်နေ့တွင် စာရင်းများ ပေးသွင်းနိုင်ကြောင်းကို မြို့နယ်ကျန်းမာရေးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)