မိုင်းပန် ဩဂုတ် ၁၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်အတွင်းနေထိုင်လျက်ရှိသော တိုင်းရင်းသားမိဘ ပြည်သူများ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေး ပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေးအတွက် ပူးပေါင်းပါဝင်ကြရန် သြဂုတ် (၁၆) ရက်နေ့မှစ၍ ညစဉ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လှုံဆော်ရေးယာဉ်၊ Hand speakerတို့ဖြင့် ဆော်သြပေးလျက်ရှိပြီး နံနက်ပိုင်းတွင်အဖွဲ့စုံဖြင့် မဲဆန္ဒရှင်စာရင်းများ လိုက်လံတိုက်ဆိုင် စစ်ဆေးပေးလျက်ရှိ ကြောင်းသိရှိရသည်။
မိုင်းပန်မြို့နယ်သည် ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်အစွန်းဆုံးဖြစ်ပြီး ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာ အုပ်စု(၁၀)အုပ်စု အိမ်ခြေ(၃၈၁၃ )ခု၊ အိမ်ထောင်စု(၃၄၉၅ )စုရှိပြီး ရပ်ကွက်/ ကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလျက်မဲပေးပိုင်ခွင့်ရှိသူ များမဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် မော်တော် ယာဉ်ဖြင့်လည်းကောင်း၊ လူကိုယ်တိုင် Hand Speakerများဖြင့်လည်းကောင်း ရပ်ကွက်/ကျေးရွာများပါ မကျန် မြန်မာဘာသာ၊ ရှမ်းဘာသာများဖြင့် လိုက်လံဆော်ဩပေးလျက်ရှိကြောင်းသိရှိရသည်။ အဆိုပါမဲစာရင်း တိုက်ဆိုင် စစ်ဆေးခြင်းအား ရက်သတ္တပတ် လှုပ်ရှားအဖြစ် စီမံထားလျက် ၂၀၂၀ပြည့်နှစ်၊ သြဂုတ်လ (၁၇)ရက်နေ့မှ (၂၃)ရက် နေ့အထိ မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးသွားမည်ဖြစ်ပါကြောင်း သတင်းရရှိသည်။
မြို့နယ်ပြန်/ဆက်