မင်္ဂလာဒုံ ဩဂုတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ မိုးရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရန်၊ ရေမြောင်း အတွင်း အမှိုက်များ ပိတ်ဆို့မှု မရှိစေရန်ရည်ရွယ်၍ ၂၀၁၉−၂၀၂၀ တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အုတ်ရေမြောင်း နှင့် Box Culvertပြုလုပ်ခြင်းကို (၂/က)ရပ်ကွက်ရှိ ဗိုလ်တိုက်ချွန်းလမ်းထိပ်မှ မြို့ပတ်လမ်း ထိ ဆောင်ရွက်ကြောင်း သိရသည်။
ဆောင်ရွက်ရာတွင် မင်္ဂလာဒုံမြို့နယ်တွင် ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းတာဝန်ခံအဖွဲ့မှ အင်ဂျင်နီယာ- ၂ ဦးဇော်မင်း တာဝန်ယူ ဆောင်ရွက်နေသော (၂/က)ရပ်ကွက်ရှိ ဗိုလ်တိုက်ချွန်းလမ်းထိပ်မှ မြို့ပတ်လမ်းထိ အုတ်ရေမြောင်းနှင့် Box Culvert ပြုလုပ်ခြင်းကို အရည်အသွေး ပြည့်မီရေးနှင့် ရေရှည်ခိုင်ခံ့မှုရှိစေရေး စနစ်တကျ ဆောင်ရွက်နေကြောင်း နှင့်အချိန်နှင့်တစ်ပြေးညီ ပြီးစီးမှု ရှိစေရေး အလေးထား ဆောင်ရွက်နေကြောင်း သိရသည်။
ဇင်ငြိမ်း(ပြန်/ဆက်)