ငါန်းဇွန် အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ပြည်သူများအား မြို့နယ် အတွင်း ဇုံနယ်မြေအလိုက် သတ်မှတ်နေရာများတွင် အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ ပေးကြောင်း သိရသည်။
ထိုသို့ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ ယမန်နေ့နံနက် ၉နာရီ အချိန်မှစ၍ မြို့မဇုံမှ (၁၇၀)ဦး၊ မြို့သာဇုံမှ (၆၉)ဦး၊ ငါန်းမြာဇုံမှ (၆၅)ဦး၊ ခြင်္သေ့လက်ဇုံမှ (၃၅)ဦး၊ သားကျင်ဇုံမှ (၁၃) ဦး၊ ဂျိုဇုံမှ (၇၀)ဦး၊ သံဘိုဇုံမှ (၈၆) ဦး၊ ရေလည်သောင်ဇုံမှ (-)ဦး နှင့် ကုလားရွာဇုံမှ (၇၀)ဦး၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ (၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း(၅၇၈)ဦး ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံ ရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ်ဦးစားပေး အုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေးအဆင်ပြေစေရန် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ကူညီ ဆောင်ရွက်ပေးပြီး မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးရာ အောက်တိုဘာ ၁၈ရက်နေ့မှ ၂၄ရက်နေ့အထိ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် သတ်မှတ်ဦးစား ပေးအုပ်စုအလိုက် (၂၉၁၈)ဦး ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)