မြစ်သားမြို့နယ်တွင် ပန်းခင်းစီမံချက် အကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

                                 မြစ်သား   အောက်တိုဘာ  ၂၅

 

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ပန်းခင်းစီမံချက်အကြောင်းသိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို   ယနေ့နံနက်(၈)နာရီက   ကိုဗစ်-၁၉ရောဂါ   ကာကွယ်ဆေး ထိုးနှံပေးသည့် မြစ်သားမြို့လုပ်အားကြေးမုံခန်းမနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ  ဆေးထိုးစုရပ်နေရာ များ၌ ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။

ထိုသို့ လက်ကမ်းစာစောင်များဖြန့်ဝေပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့်ဝန်ထမ်းများက မြစ်သား မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးသည့် ဆေးထိုးစုရပ်နေရာများတွင်ပြည်သူများတွင် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိရေး ပန်းခင်းစီမံချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ လက်ကမ်းစာစောင် အစောင်ရေ (၅၀၀) ကို  ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပန်းခင်းစီမံချက်လက်ကမ်းစာစောင်တွင် လက်ရှိဇာတိတွင် အမြဲတန်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦး ရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူ များအတွက်မူလဒေသတွင် အိမ်ထောင်စု ဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင်ကိုင်ဆောင် လက်မှတ်မရှိသူများ၊    ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စု လူဦးရေစာရင်းနှင့်  ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း စသည့် ပန်းခင်းစီမံချက ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးရရှိရေး ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များအကြောင်းဖော်ပြပါရှိပြီး  ပန်းခင်းစီမံချက်ကာလမှာ(၃-၅-၂၀၂၁)မှ (၃-၁၁-၂၀၂၂)ရက်ထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြမြမွန်(မြစ်သား)