ကျောက်ပန်းတောင်း အောက်တိုဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၁)နာရီက မိုးသည်းထန်စွာရွာသွန်းခဲ့ရာ၊ ကျောက်ပန်းတောင်း-ပုပ္ပါးသွား ကားလမ်းရှိ ဆည်ပေါက်ချောင်းရေ ကျဆင်းမှုဖြစ်ပေါ်ခဲ့ရာ၊ ခရီးသွားများ သွားလာမှုခက်ခဲသဖြင့်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများမှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်း- ပုပ္ပါးသွား ကားလမ်း မိုင်တိုင်အမှတ်-၄၀၂/၂ နှင့် ၄၀၂/၃ အကြား၊ ဆည်ပေါက် ကျေးရွာအနီးရှိ ဆည်ပေါက်ချောင်းမှာ မိုး သည်းထန်စွာ ရွာသွန်မှုကြောင့် ချောင်းရေကျဆင်းမှုဖြစ်ပေါ်ခဲ့ရာ၊ ခရီးသွားကားနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာရန် ခက်ခဲ့သဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ သန္ဓေ(၁၆)ဦး၊ အရန်(၅)ဦး ပေါင်း(၂၁)ဦးသည်၊ မြို့မစခန်းမှ Ranger မီးငြိှမ်းသတ်ယာဉ်(၁)စီး၊ ပုပ္ပါးနယ်မြေ စခန်းမှ Dfac မီးငြိှမ်းသတ် ယာဉ်(၁)စီး တို့ဖြင့် သွားရောက်၍ ခရီးသွားပြည်သူများ သွားလာမှု လွယ်ကူအဆင်ပြေစေရေးအတွက် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)