စဉ့်ကိုင်မြို့နယ်တွင်   အသက် (၅၄) နှစ်အထက်နှင့်  မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိ

စဉ့်ကိုင်     အောက်တိုဘာ   ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသက် (၅၄) နှစ်အထက်နှင့် မသန်စွမ်းသူများအား ကိုဗစ် - ၁၉   ရောဂါကာကွယ်ဆေး   ဒုတိယအကြိမ် ယနေ့ နံနက် (၉) နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဒုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး  ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)  ပလိပ်တိုက်နယ်ဆေးရုံတွင် ဒေါက်တာသက်ကိုကိုလွင် (ရောဂါနှိမ်နှင်းရေး) ကျောက်ဆည်တက္ကသိုလ်တွင် ဦးစောအေး (ကျန်းမာရေးမှူး) တို့က ဦးဆောင်၍ ကျန်းမာရေး ၀န်ထမ်းများ၊  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ၀န်ထမ်းများ၊ ပညာရေးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့၀င်များ၊ ပရဟိတ အသင်းအဖွဲ့ ၀င်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ပထမအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကူးစက်  ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင် ကာကွယ်တားဆီး နိုင်စေရန်နှင့် ရောဂါကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့မှ ကြီးကြပ်၍ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ ၀င်များနှင့်  ပူးပေါင်းပြီးပြည်သူများလိုက်နာစေရန်၊  အသံချဲ့ စက်များ၊  Hand  Spaker  ဖြင့်  လှည့်လည်ပြီး အသိပညာပေး နှိုးဆော်ခြင်း၊ ရပ်ကွက် / ကျေးရွာများအတွင်း  ပိုးသတ်ဆေးများဖြန်းပေးခြင်း၊    ဒေသန္တရ စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း  အသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အသက်(၁၈)နှစ် အထက် ကျန်ရှိနေသူများကိုလည်း ပထမအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ထံကသိရသည်။

ဝင်းဝင်းသန်း