ပြင်ဦးလွင် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် သံသယလူနာများနှင့် ပိုးတွေ့ လူနာများကို ပြင်ဦးလွင်ကုတင် (၃၀၀) ဆံ့ ဆေးရုံနှင့် ပြင်ဦးလွင်ခရိုင် အားကစားကွင်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။
ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ သံသယလူနာများအား ရောဂါပိုး ရှိ /မရှိ စစ်ဆေးခြင်း၊ အမျိုးသားအိပ်ဆောင်နှင့် အမျိုးသမီးအိပ်ဆောင်များ သီးသန့်ထားရှိပြီး လိုအပ်ပါက ပြင်ဦးလွင် ကုတင်( ၃၀၀ ) ဆံ့ ဆေးရုံကြီးသို့ ဆက်လက် ပို့ဆောင်ကုသလျက်ရှိပါသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု စင်တာများတွင် ထားရှိသော ပိုးတွေ့လူနာများနှင့် တာဝန်ထမ်းဆောင်နေသာ တာဝန်ရှိသူများနှင့် စေတနာ့ဝန်ထမ်းများအား ပြင်ဦးလွင်မြို့နယ် အတွင်းမှ အလှူရှင်များနှင့် ပြင်ဦးလွင် (အခမဲ့) နာရေးကူညီမှုအသင်းကြီးတို့ ပူးပေါင်းကာ အာဟာရဖြည့်စွက်အစားအစာများ နေ့စဉ်သွားရောက် ထောက်ပံ့လျက်ရှိပါကြောင်း တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ခရိုင် (ပြန်/ဆက်)