ကျောက်တလုံးကြီး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင မကူးစက်နိုင်သည့်ရောဂါ ရှိသူများအား ဒုတိယအကြိမ် (Sinopharm) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့နံနက် ၉ နာရီမှစတင်၍ ကျောက်တလုံးကြီးမြို့(အ.ထ.က)၌ ပထမနေ့အဖြစ် ထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်းချိန်တိုင်းတာခြင်းနှင့် ကာကွယ်ဆေးမှတ်တမ်းများ ရေးသွင်းခြင်းများဆောင်ရွက်၍ ကျောက်တလုံးကြီးမြို့၊ ဒေသခံ ကျန်းမာရေး ဝန်ထမ်းများတို့က ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ကျောက်တလုံးကြီး မြို့ပေါ်(၆)ရပ်ကွက်ဖြစ်သော နောင်လုံရပ်ကွက်၊ ထီလုံရပ်ကွက်၊ ဒုံအုံးရပ်ကွက်၊ ကောင်ဝိန်းရပ်ကွက်၊ လင်းနားရပ်ကွက်၊ တပူရွေးရပ်ကွက်နှင့် ပင်တွန်ကျေးရွာအုပ်၊ နောင်ခဲကျေးရွာအုပ်စု၊ ကက္ကူကျေးရွာအုပ်စုတို့မှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ သံဃာတော်များ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သည့်ရောဂါရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါကိုဗစ်-၁၉ ရောဂါ ထိုးနှံရာတွင်နောင်ကားကျေးရွာအုပ်စု၊ နားဟီးကျေးရွာအုပ်စု၊ နောင်ပစ် ကျေးရွာအုပ်စု၊ အသုံးတော်ကျေးရွာအုပ်စုတို့မှ အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်ရာအုပ်စုအလိုက် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm)ကို အောက်တိုဘာ(၂၂)ရက်နေ့မှ(၂၃) ရက်နေ့အထိစုစုပေါင်း ( ၈၈၀ ) ထိုးနှံပေးခဲ့ပြီးကြောင်း သိရသည်။
မြဝင်း(ကျောက်တလုံးကြီး)