နောင်ချို အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းအား ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာအတွက် အလှူငွေများကို ယမန်နေ့ကအလှူရှင်တစ်ဦးမှ လာရောက်လှူဒါန်းပေးခဲ့ကြောင်း သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ထိုသို့ လှူဒါန်းရာတွင် ပြင်ဦးလွင်မြို့ ရေချမ်းအိုးရွာနေဘုရား၊ သိမ်၊ ကျောင်း၊ ရဟန်းဒါယိကာကြီး ဦးမြညွှန့်+ဒေါ်တင်ရီမိသားစုမှ အလှူငွေကျပ်သိန်းငါးဆယ်(၅,၀၀၀,၀၀၀/)-လှူဒါန်းခဲ့ရာ သဖန်းကိုင်း ပရဟိတဆရာတော်မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
သဖန်းကိုင်းပရဟိတလူမှုကူညီရေအသင်း ကုသရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ များ၏ ကျန်းမာရေးကိစ္စများကို အတိုင်ပင်ခံသမားတော်(၁)ဦး၊ ဆရာဝန် (၁)ဦး၊သူနာပြု (၄)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်ချက်များအား ဖြည့်ဆည်းပေးခြင်း၊ လိုအပ်သောနေရာများသို့ ပိုးသတ်ဆေးဖျန်းပေးခြင်းများအပြင် အခြားကျန်းမာရေး ကိစ္စများတွင်လည်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလှူရှင်များမှလည်း အလှူငွေများကို စဉ်ဆက်မပြတ် လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)