မလှိုင် ၊ အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ၊ ပန်းအိုင်ကျေးရွာရှိ သီရိဓမ္မာ သောကမင်းကြီး တည်ထား ကိုးကွယ်တော်မူခဲ့သည့် သမိုင်းဝင် ပန်းအိုင်ရွှေမုဋ္ဌော ဆုတောင်းပြည့် စေတီတော် ကြီး တွင် သီတင်းကျွတ်လပြည့် ( အဘိဓမ္မာ အခါတော်နေ့ )နှင့် သတင်းကျွတ်လပြည့် ကျော်(၁) ရက်နေ့များတွင် ဘုရားဖူးလာပြည်သူများ ၊ ဥပုသ်သီလဆောက်တည်သူများ ၊ကောင်းမှု ကုသိုလ် ပြုသူ များဖြင့် စည်ကား လျက်ရှိကြောင်းသိရ သည် ။
သီတင်းကျွတ်လပြည့်နေ့တွင် သမိုင်းဝင် ပန်းအိုင် ရွှေမုဋ္ဌော ဆုတောင်းပြည့် စေတီတော် ကြီး၏ အရှေ့ဖက် အာရုံခံ တန်ဆောင်းအတွင်း၌ (၇၃) ကြိမ်မြောက် ( အဘိဓမ္မာ အခါတော်နေ့ ) အခမ်းအနားကို ကျင်းပခဲ့ပြီး ဓမ္မစင်္ကြာ ဝတ်အသင်းသူ/ သားများက အဘိဓမ္မာ အခါတော်နေ့ အမေးအဖြေ ကျူးရင့်သံ နှင့် အဘိဓမ္မာ (၇) ကျမ်း ပါဠိ တော် ကောက်နှုတ်ချက် များကို ရွတ်ဖတ် ပူဇော်ခဲ့ကြသည် ။ ညပိုင်းတွင် မလှိုင်မြို့ ရွှေမုဋ္ဌော စေတီတော်ကို မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ၊ ဦးစိုးမင်းထက် နှင့် အဖွဲ့ဝင်များ ဦးဆောင်၍ ထွေ/အုပ်ဝန်ထမ်းများ ၊ မီးသတ် တပ်ဖွဲ့ဝင်များက ပန်း ၊ ရေချမ်း ၊ ဆီမီးများ ကပ်လှူပူဇော်ပြီး ဘုရားပရဝဏ် အတွင်းမှ မီးပုံးပျံ အလုံး ( ၁ဝဝ ) လွှင့်တင်၍ ပူဇော်ခဲ့ ကြသည် ။
သီတင်းကျွတ် လပြည့်ကျော်(၁ )ရက်နေ့တွင်လည်းမလှိုင်မြို့ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ရင်ပြင်၌ မြို့နယ် အ ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝတ် အသင်းသူ/ သားများက ဓမ္မစင်္ကြာ တရား တော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည် ။ ထို့အပြင် မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သော ပန်းအိုင် သမိုင်းဝင် ရွှေမုဋ္ဌော ဆုတောင်းပြည့် ဘုရား နှင့် မြို့နယ်အတွင်းရှိ အခြား ဘုရားစေတီများ ၊ ဘုန်းတော် ကြီး ကျောင်းများတွင် သီတင်းကျွတ်ကာလ အစဥ်အလာ မပျက် ဥပုသ် သီလ ဆောက်တည်သူများ ပန်း ၊ ရေချမ်း ၊ ဆီမီး ကပ် လှူသူများ ၊ ကုသိုလ်ကောင်းမှု ပြုသူများဖြင့် စည် ကား လျက်ရှိကြောင်းသိရသည် ။
အောင်ဌေး(မလှိုင်)