ကျောက်တလုံးကြီးမြို့၊ လုံကား (အ.ထ.က) ၌ အသက် (၅၅) နှစ်နှင့်အထက် ပြည်သူများအား ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ကျောက်တလုံးကြီး အောက်တိုဘာ ၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမနေ့ အဖြစ် အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သည့်ရောဂါရှိသူများအား ယနေ့နံက် ၉ နာရီမှစတင်၍ နောင်ကားကျေးရွာ၊ လုံကား (အ.ထ.က ) ၌ ကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသည့်ပြည်သူများကို ကာကွယ်ဆေးမထိုးနှံမီ ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံကား(အ.ထ.က)မှ ပညာရေးဝန်ထမ်းများက ကျေးရွာအုပ်စုအလိုက် ကာကွယ်ဆေးမှတ်တမ်းများ စာရင်းရေးသွင်းခြင်း၊ နောင်ကား ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်တာ ပေးခြင်းများပြုလုပ်၍ ကာကွယ်ဆေး ထိုးနှံပေးခြင်းဆောင်ရွက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသော ပြည်သူများအား မိနစ်(၃၀)ခန့် အနားယူစေပြီး ထူးခြားမှုရှိ/မရှိစောင့် ကြည့်မှုများကို ဆောင်ရွက်ခဲ့သည်။  

အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကျောက်တလုံးကြီးမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်း၊ နောင်ကားကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး  ဦးသူသူအောင်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးတို့က ပူးပေါင်းကာ နောင်ကားကျေးရွာအုပ်စု၊ နားဟီးကျေးအုပ်စု၊ နောင်ပစ်ကျေးရွာအုပ်စု၊ အသုံးတော် ကျေးရွာအုပ်စုတို့မှ အသက်(၅၅)နှစ် နှင့်အထက်ပြည်သူများ၊ မသန်မစွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါ ရှိသူများကို ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

မြဝင်း(ကျောက်တလုံးကြီး)