ဘီးလင်း အောက်တိုဘာ ၂၂
သထုံခရိုင် ဘီးလင်းမြို့နယ်၌ အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အောက်တိုဘာ ၁၇ ရက် နံနက် ပိုင်းမှစတင်ထိုးနှံပေးခဲ့ရာ ယမန်နေ့တွင် ဆေးထိုးစုရပ် အားလုံး၌ ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
ဘီးလင်းမြို့နယ်တွင် အသက် ၁၂ နှစ်အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးကိုဆေးထိုးစုရပ် ၁၀ ခုထားရှိ၍ ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း ၄၃၁၂ ဦးအား ထိုးနှံပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အေးမျိုးမျိုးစံ