ကွန်ဟိန်း ဩဂုတ် ၁၈
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ် ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန် က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးလေးအောင် က အဖွင့်အမှာ စကားပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ကော်မတီအဆင့်ဆင့် ဖွဲ့စည်းရခြင်း နှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် မြို့နယ်အတွင်း တက်ရောက်လာသူများက သိရှိလိုသော အချက်များကို မေးမြန်းကြရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ပြန်လည် ရှင်းလင်း ဖြေကြားခဲ့သည်။
အဆိုပါ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီကို မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲဝင်ရောက်မည့် နိုင်ငံရေးပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ ကိုယ်စားလှယ်တစ်ဦးစီ၊ မြို့နယ်အတွင်းရှိ တက်ရောက်လာသူ အများဆုံးငါးဦး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကော်မတီ ၏ လုပ်ငန်းတာဝန်များကိုလည်း အစည်းအဝေးတွင် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)