စက်စဲကမ်းခြေ၌ သီတင်းကျွတ်လပြည့်ကျော် (၁)ရက်နေ့ထိ ခရီးသွားပြည်သူများ လာရောက်အပန်းဖြေလျက်ရှိ

သံဖြူဇရပ် အောက်တိုဘာ ၂၁  

မွန်ပြည်နယ်၊  မော်လမြိုင်ခရိုင်၊ စက်စဲကမ်းခြေ၌ သီတင်းကျွတ် အလုပ်ပိတ်ရက်ဖြစ်သည့် လဆုတ် (၁) ရက်နေ့ထိ အနယ်နယ် အရပ်ရပ်မှ ခရီးသွားပြည်သူများ လာရောက်အပန်းဖြေသူများနှင့် စည်းကားလျက်ရှိ ကြောင်း သိရသည်။

ထိုသို့ ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ အနားယူနိုင်ရေးအတွက် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တပ်ဖွဲ့ဝင်များက မြို့ဝင်၊ မြို့ထွက် လူစည်းကားရာနေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

သီတာဝင်း (ပြန်/ဆက်)