ဇေယျာသီရိ အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင် တန်ခိုးကြီးဘုရားနှင့် ပေါင်းလောင်းမြစ်ကမ်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တွင် ဘုရားဖူးအပန်းဖြေ လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာဖြစ်ပွားနေချိန်တွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများနှင့် ပေါင်းလောင်းမြစ်ကမ်းရှိ စားသောက်ဆိုင်များ ယာယီပိတ်ထားခဲ့သော်လည်း ယခုကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနည်းပါးလာမှုကြောင့် တန်ခိုးကြီးဘုရားအား ဖူးမျှော်ကြည်ညိုခွင့်နှင့် မြစ်ကမ်းတစ်လျှောက် အပန်းဖြေလာရောက်ခွင့်များကို ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ် ချက်များနှင့်အညီ ခွင့်ပြုပေးလျက်ရှိရာ “ ဒီမြို့နယ်မှာဆိုလည်း လှေခွင်းတောင်ဘုရားက တန်ခိုးအကြီးဆုံးလေ၊ မြစ်ကမ်းကလည်း အရမ်းအေးချမ်းပြီး အပန်းဖြေစရာကောင်းတော့ လူတွေကဒီမှာလာပြီး ဘုရားလည်းဖူး အပန်းလည်းဖြေလာ ရောက်ကြတာ၊ ဒီမှာက ခုလိုသီတင်းကျွတ်တင်မကဘူး ၊ သင်္ကြန်ရက်တွေမှာလည်း ဒီမှာအစည်ဆုံးပဲဗျ၊ ကိုဗစ် စဖြစ်ကတည်းက အများပြည်သူတွေလည်း ဒီလိုမလည်ပတ်ရတာကြာပြီလေ၊ ခုလိုလူစည်စည်ကားကားနဲ့ မြင်ရတွေ့ရတော့ ဝမ်းသာမိတယ်၊ ဒီမှာက လူပေါင်းစုံတယ် နယ်ပေါင်းစုံကလာလည်ကြတာ” ဟုဒေသခံ တစ်ဦးထံမှသိရသည်။ဇေယျာသီရိမြို့နယ်အတွင်းရှိ လှေခွင်းတောင် တန်ခိုးကြီးဘုရားနှင့် ပေါင်းလောင်း မြစ်ကမ်းသို့ သီတင်းကျွတ်လပြည့်နေ့နှင့် လပြည့်ကျော်တစ်ရက်နေ့တွင် ဘုရားဖူးအပန်း ဖြေလာရောက်လည်ပတ်သူများ မြစ်အတွင်း ရေနစ်သေဆုံးမှု မရှိစေရေးအတွက် မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များပူးပေါင်း၍ စပိဘုတ်ဖြင့် မြစ်အတွင်းလှည့်လည်၍ ကြည့်ရှုစောင့်ရှောက်လျက်ရှိကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)