သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိရပြီး မြို့နယ်အတွင်း အတည်ပြုလူနာ (၁၅၅၂)ဦးအထိရှိလာ

သီပေါ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အောက်တိုဘာလ ၂၀ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိရကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

ယမန်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူများ(၁၂)ဦးအား COVID-19 Antigen RDT  Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ ဆေးရုံရှိ  သီးသန့်ကုသကြပ်မတ်ဆောင် (Isolation Ward) တွင် ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိ ကြောင်းနှင့် ၎င်းပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား Home Quarantine ထားရှိကြောင်း သိရ သည်။

သီပေါမြို့နယ်တွင် ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း(၁၅၅၂)ဦး ရှိပြီး သေဆုံးသူ(၉၂)ဦး ရှိပြီဖြစ်ကြောင်းနှင့် လက်ရှိမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသူ (၈၀)ဦးရှိ ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

ခင်လေး(သီပေါ၊ ပြန်/ဆက်)