သီပေါမြို့နယ်တွင် အသက်(၁၈)နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

သီပေါ အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မြို့တော်ခန်းမ စုရပ်နေရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသော အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) တတိယအသုတ်(ပထမအကြိမ်) ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဆက်လက်ထိုးနှံပေး လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးကို ထိုးနှံပေးရာတွင် ယမန်နေ့က လူဦးရေ(၉၅)ဦးကို ထိုးနှံပေးခဲ့ပြီး စုစုပေါင်းလူဦးရေ (၇၈၅၉)ဦးကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ယခုထိုးနှံပေးလျက်ရှိ သော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၅)ဦး ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံသည့် နေရာသို့ ဆေးထိုးရန် လာရောက်သော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကိုယ်ပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ လက်သန့် ဆေးရည်ဖြင့် သန့်စင်စေခြင်း၊ သွေးပေါင်ချိန် တိုင်းတာစစ်ဆေးပေးခြင်း၊ မှတ်တမ်းရေးသွင်းခြင်းများကို ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန ဝန်ထမ်း များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက  စနစ်တကျ ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

ခင်လေး(ပြန်/ဆက်)