မြောက်ဦး အောက်တိုဘာ ၂၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထင်ကရ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ ပုထိုးစေတီများ၌ သီတင်းကျွတ်လပြည့်နေ့ ယနေ့နံနက်ပိုင်းမှစ၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး လာရောက်သူများ ဖြည့်စည်ကားလျက်ရှိကြောင်း သိရသည်။
ထိုသို့ အနယ်နယ်အရပ်ရပ်မှ မြောက်ဦးမြို့ ရှေးဟောင်းသမိုင်းဝင် ဘုရား၊ စေတီပုထိုးများဖြစ်သည့် ရှေးဟောင်းသမိုင်းဝင် ဘုရာပုထိုးဖြစ်သော ရန်အောင်ဇေယျပထိုးတော်ကြီးအတွင်း လာရောက်ဖူးမျော် ကြသူများမှ သျှစ်သောင်းပုထိုးတော်ကြီးအတွင်းရှိ ရခိုင်ရှေးဟောင်း အနုပညာပညာ ဗိသုကာလက်ရာများ၊ နံရံထွန်း ကျောက်ဆစ်အနုပညာ လက်ရာများနှင့် (၅၅၀) ဇာတ်နိပါတ်တော်များအား လည်းကောင်း၊ ထုက္ကန်သိမ် ပုထိုးတော်ကြီးအတွင်းရှိ ရခိုင်လူမျိုးတို့၏ ရိုးရာဝတ်စားဆင်ယင်မှုများ ဖြစ်သော ဘောင်းတော်ထုံးဖွဲ့ပုံအဆင့်ဆင့်နှင့် ဆံထုံးတော် ဆင်ထုံးဖွဲ့ပုံ အဆင့်ဆင့်စသည့် ကျောက်ဆစ်အနုပညာ ဗိသုကာလက်ရာများအား အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများက အဆိုပါ ဘုရားများ သို့ သွားရောက်ပြီး စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအနေဖြင့် ရှေးခေတ်ရခိုင့်ရှေးဟောင်းဗိသုကာ လက်ရာများအား လှည့်လည်ကြည့်ရှုခြင်း၊ ရှေးဟောင်းအမွေ အနှစ်လက်ရာများအား လေ့လာခြင်းများ ကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ၊ ကျောင်းသား/ကျောင်းမှ ဝင်ရောက်လေ့ လာကြည့် ရှုကြပြီး ရှေးဟောင်းယာဉ်ကျေးမှု မြောက်ဦးရောက် အမှတ်တရလက်ဆောင်များ ဝယ်ယူခြင်း၊ အမှတ်တရပစ္စည်းများနှင့် အမှတ်တရ ဓါတ်ပုံရိုက်ကူးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)