ရမည်းသင်းမြို့နယ်အတွင်း သီတင်ကျွတ်လပြည့်နေ့ သမိုင်းဝင်ရွှေမြင်တင်တောင် တော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့် စည်ကား

ရမည်းသင်း အောက်တိုဘာ ၂၀

ရမည်းသင်းမြို့နယ်၊ မြင်းနားကျေးရွာအနီးရှိ သမိုင်းဝင်ရွှေမြင်တင် တောင်တော်မြတ်ကြီးတွင် သီတင်ကျွတ်လပြည့်နေ့ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမျှော်ကြည်ညိုနိုင်စေရေးအတွက် ဘုရားဂေါပကလူကြီးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်း ချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ စီစဉ်ထားရှိသဖြင့် ဘုရားဖူးလာ ပြည်သူများ စည်ကာလျက်ရှိပြီး မြို့နယ်အတွင်းရှိ အထင်ကရဘုရားများ၌လည်း ဘုရားဖူးများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ ထိုအပြင် ရမည်းသင်းမြို့ ကျေးနီကန်တွင်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။

ဇော်ဝင်းအောင်