ရမ်းဗြဲမြို့နယ်၊ လက်ပန်အုပ်စု၊ လက်ပန်ပြင်အုပ်ကျေးရွာမှ လင်းရောင်ခြည်သာသနာ့ရိပ်သာကျောင်း၌ လူပျို/အပျိုများ ဦးဆောင်၍ မြတ်ဗုဒ္ဓ၏အဘိဓမ္မာတရား ရွတ်ဖတ်ပူဇော်ပွဲနှင့်သက်ကြီးပူဇော်ပွဲကျင်းပ

ရမ်းဗြဲ   အောက်တိုဘာ  ၂၀

ရခိုင်ပြည်ယ်၊ ရမ်းဗြဲမြို့နယ်၊ လက်ပန်ကျေးရွာအုပ်စု၊ လက်ပန်ပြင်အုပ်ကျေးရွာရှိ လင်းရောင်ခြည်သာသနာ့ရိပ်ကျောင်း၌ လက်ပန်ပြင်အုပ်ကျေးရွာမှလူပျို/အပျိုများဦးဆောင်၍ ယနေ့သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာ အခါတော်နေ့၌ အဘိဓမ္မာတရားရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို နေ့လယ် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြကြောင်း သိရသည်။

ထိုသို့ အဘိဓမ္မာတရားများရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပကြရာတွင်  ကျေးရွာအတွင်းရှိ ကြီးသား၊ ငယ်သူများနှင့် လူပျို/အပျိုများမှ ရှေးဦးစွာ လင်းရောင်ခြည်သာသနာ့ရိပ်သာကျောင်း ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ခေမာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ၎င်းနောက်လူပျို/အပျိုများမှ မြတ်ဗုဒ္ဓ၏ အဘိဓမ္မာတရားတော်များ ကို ရွတ်ဖတ်ပူဇော်ကြပါသည်။

ဆက်လက်ပြီး အဘိဓမ္မာတရားတော်များကို ရွတ်ဖတ်ပူဇော်ကြပြီးနောက် လင်းရောင်ခြည်သာသနာ့ရိပ်သာကျောင်း၌ ဥပုတ်သီလ ဆောက်တည်နေကြသောသက်ကြီး ဘိုး ဘွား မိဘများအား ပူဇော်ကန်တော့ကြပါသည်။

အဆိုပါ အဘိဓမ္မာတရား ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးပူဇော်ပွဲကို ကျေးရွာနေ လူပျို/အပျိုများမှ နှစ်စဉ် ကျင်းပလာခဲ့သည်မှာ ယခုနှစ်တွင်(၄၅) ကြိမ်မြောက် ရှိခဲ့ပြီးဖြစ်သည်။ လင်းရောင်ခြည် သာသနာ့ရိပ်သာကျောင်းဆိုင်ရာ လက်ပန်ပြင်အုပ် ကျေးရွာမှ လူပျို/အပျိုများမှ နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ဆရာတော်ဘုရားကြီးအား ပူဇော်ကန်တော့ခြင်း၊ သက်ကြီးဘိုးဘွားမိဘများအား ပူဇော်ကန်တော့ခြင်းနှင့် အဘိဓမ္မာ တရားရွတ်ဖတ်ပူဇော်ပွဲကို ကျင်းပလေ့ရှိပြီး ညဖက်တွင်လည်း ပျော်ပွဲရွှင်ပွဲများနှင့်အတူ မူလတန်းအရွယ် ကလေးငယ်များ၏ (၃၈)ဖြာမင်္ဂလာကဗျာ ရွတ်ဖတ်ပူပွဲကိုလည်း ကျင်းပပေးလေ့ရှိကြောင်း သိရသည်။

အောင်နိုင် (ပြန်/ဆက်)